ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာယင်း ယိမ်းပြိုင်ပွဲများအတွက် လျှောက်လွှာများခေါ်ယူနေ
ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းပြိုင်ပွဲများကိုကျင်းပမည်ဖြစ်ကြောင်သိရသည်။ လျှောက်လွှာတင်သွင်းရက်ကို မတ်လ ၂၀ ရက်မှ မတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပြီး
အဆိုပါ ယိမ်းပြိုင်ပွဲများကို မူကြိုကျောင်းများမှ (၁၂)ဦးယိမ်း၊ ကျောင်းမျာမှ (၁၂)ဦးယိမ်း၊ (၁၆)ဦးယိမ်း၊ ရုံးနှင့် အခြားဌာနများမှ (၁၂)ဦးယိမ်းနှင့် (၁၆)ဦးယိမ်းတို့ပါဝင်ပါတယ်။



