မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်သည် ဘုန်းမောက်အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်တွင် ဒုတိယမြောက် ပယ်နယ်တီခွင့်ပြုခြင်းမရှိခဲ့သည့် ကွင်းလယ်ဒိုင် စတူးအက်အက်ဝဲလ်၏ ဆုံးဖြတ်ချက်ကို ပွဲအပြီးတွင် ဝေဖန်လိုက်သည်။ ကာရစ်သည် ပထမပိုင်းတွင် ကူညာ ရရှိခဲ့သည့် ပယ်နယ်တီဖြစ်စဉ်နှင့် အာမက်ဒီယာလို ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခံရသည့် ဖြစ်စဉ်တို့မှာ ထပ်တူညီသော်လည်း ဒီယာလိုအတွက်မူ VAR က ပယ်နယ်တီအဖြစ် သတ်မှတ်ခြင်းမရှိသည့်အပေါ် "ထိတ်လန့်အံ့အားသင့်စရာကောင်းသော ဆုံးဖြတ်ချက်" ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ဘုန်းမောက်နည်းပြ အီရာအိုလာကမူ ယင်းဖြစ်ရပ်မှာ ပယ်နယ်တီပေးရန် မလုံလောက်ကြောင်း တုံ့ပြန်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် မန်ယူနောက်ခံလူ မက်ဂွိုင်းရားမှာ ပယ်နယ်တီပြစ်ဒဏ်ကျူးလွန်ခဲ့သည့်အပြင် အနီကတ်ဖြင့် ထုတ်ပယ်ခြင်းပါ ခံခဲ့ရကြောင်း သိရှိရပါသည်။
Mar 21 • 5:57 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


