ကမ္ဘာတစ်ဝန်းနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု အခြေအနေများကြောင့် လာမည့် ဧပြီလ သင်္ကြန်ရက်ရှည်ပိတ်ရက်များအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူများကို ဆီအခက်အခဲကြောင့် ခရီးစဉ်မပြေးဆွဲနိုင်ပါက ငွေပြန်အမ်းပေးမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းအချို့က ထုတ်ပြန်ကြေညာလာသည်။ လက်ရှိတွင် ယာဉ်လိုင်းများမှာ ဆီရရှိရန် နာရီပေါင်းများစွာ တန်းစီနေရသလို၊ ဆီဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့် ပြတ်လပ်မှုများကြောင့် လုပ်ငန်းလည်ပတ်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် စက်သုံးဆီအကျပ်အတည်းသည် ကုန်းကြောင်းသယ်ယူပို့ဆောင်ရေးသာမက ပြည်တွင်းလေကြောင်းလိုင်းများအထိ ရိုက်ခတ်မှုရှိနေပြီး ခရီးစဉ်အချို့ကို ယာယီဖျက်သိမ်းခြင်း သို့မဟုတ် အချိန်ပြောင်းလဲခြင်းများ ပြုလုပ်လာရကြောင်း သိရှိရပါသည်။
Mar 21 • 5:55 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


