back

မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့နယ်ချင်းဆက်ယာဉ်လိုင်းများ ရပ်နားလုနီးပါးဖြစ်နေ

Mar 21 • 5:53 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့နယ်ချင်းဆက်ယာဉ်လိုင်းများ ရပ်နားလုနီးပါးဖြစ်နေ

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဝယ်ယူရခက်ခဲမှုများကြောင့် မြို့နယ်ချင်းဆက်ပြေးဆွဲနေသည့် ယာဉ်လိုင်းအများစုမှာ ပုံမှန်မပြေးဆွဲနိုင်တော့ဘဲ တစ်ပတ်လျှင် (...

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဝယ်ယူရခက်ခဲမှုများကြောင့် မြို့နယ်ချင်းဆက်ပြေးဆွဲနေသည့် ယာဉ်လိုင်းအများစုမှာ ပုံမှန်မပြေးဆွဲနိုင်တော့ဘဲ တစ်ပတ်လျှင် (၂) ရက်ခန့်သာ ပြေးဆွဲနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ စုံမယာဉ်စနစ်ဖြင့် ကန့်သတ်ရောင်းချမှုကြောင့် ယာဉ်မောင်းများမှာ ဆီဆိုင်များတွင် အချိန်ကုန်လူပန်းဖြစ်နေရပြီး၊ ဆီဆိုင်အများစုမှာလည်း ဆီပြတ်လပ်နေသဖြင့် ရောင်းချပေးနိုင်ခြင်းမရှိပေ။ ယင်းအခက်အခဲများကြောင့် ယာဉ်စီးခနှုန်းထားများမှာ တစ်ဦးလျှင် ကျပ် ၄,၀၀၀ မှ ၇,၀၀၀ အထိ မြင့်တက်လာကာ ပြင်ပမှောင်ခိုဈေးကွက်တွင် ဆီတစ်လီတာလျှင် ကျပ် ၁၂,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။ စက်သုံးဆီအကျပ်အတည်းကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍသာမက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME လုပ်ငန်းအများစုမှာလည်း ယာယီရပ်နားထားရကြောင်း သိရှိရပါသည်။

news-view-count-icon

10