back

စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ

Mar 21 • 5:50 AM

breaking-news

Myanmar

Local

breaking-news
cover

စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ

စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို မလိုအပ်ဘဲ စုဆောင်းသိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် ချွေတာအသုံးပြုကြရန် တောင်သူလယ်သမားများနှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်...

စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို မလိုအပ်ဘဲ စုဆောင်းသိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် ချွေတာအသုံးပြုကြရန် တောင်သူလယ်သမားများနှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မတ်လ (၂၀) ရက်တွင် မေတ္တာရပ်ခံပန်ကြားထားသည်။အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးအခြေအနေများကြောင့် နိုင်ငံတကာ ရေနံနှင့် ရေနံထွက်ပစ္စည်းဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် မတည်မငြိမ်ဖြစ်ပေါ်နေမှုများရှိနေခြင်းကြောင့် စက်သုံးဆီအသုံးပြုမှုကို ချွေတာရန် အစိုးရဘက်မှလည်း အသိပေးထားကြောင်း MRF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဆန်စပါးလုပ်ငန်းတွင် ထွန်ယက်စိုက်ပျိုးခြင်း၊ ရေတင်ခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ အခြောက်ခံခြင်းနှင့် ကြိတ်ခွဲထုတ်လုပ်ခြင်းတို့အပါအဝင် လုပ်ငန်းစဉ်အများစုတွင် စက်သုံးဆီလိုအပ်မှုများရှိနေကြောင်းလည်း သိရသည်။



news-view-count-icon

24