back

မွန်ပြည်နယ်တွင် တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၂ ဂါလန်ဖမ်းမိခဲ့

Mar 21 • 6:19 AM

breaking-news

Myanmar

Mon

breaking-news
cover

မွန်ပြည်နယ်တွင် တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၂ ဂါလန်ဖမ်းမိခဲ့

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင...

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မော်လမြိုင်မြို့နယ် ဈေးကြိုရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၁၂ ဂါလန်၊ ဓာတ်ဆီရှစ်ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀,၅၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၀၅၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Win Myanmar Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈,၄၃၆,၅၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။


news-view-count-icon

16