back

ပရီးမီးယားလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် (၅)ကြိမ်မြောက် ရရှိ

Mar 21 • 4:43 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ်ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် (၅)ကြိမ်မြောက် ရရှိ

မန်ချက်စတာယူနိုက်တက်အသင်း၏ ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ၏ အကောင်းဆုံးကစားသမားဆု (Player of the Match) ကို ထပ်မံရရှိခဲ့သဖြင့...

မန်ချက်စတာယူနိုက်တက်အသင်း၏ ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) ၏ အကောင်းဆုံးကစားသမားဆု (Player of the Match) ကို ထပ်မံရရှိခဲ့သဖြင့် ယခုရာသီအတွင်း စုစုပေါင်း (၅) ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ၎င်းသည် ပွဲစဉ် (၃၀) အတွက် ဆန္ဒမဲ (၅၃%) အထိ ရရှိခဲ့ပြီး ယင်းမှာ ယခုရာသီအတွင်း မဲအများဆုံးရရှိမှုအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ဘရူနိုသည် ယခင်က ပွဲစဉ် (၁၃၊ ၁၅၊ ၂၂၊ ၂၈) တို့တွင်လည်း အကောင်းဆုံးဆု ရရှိထားသူဖြစ်သည်။ လက်ရှိတွင် မန်ယူအသင်းသားများသည် ပွဲစဉ်အလိုက်အကောင်းဆုံးဆုကို စုစုပေါင်း (၁၁) ကြိမ်အထိ အများဆုံး ရရှိထားပြီး၊ ဒေါ်ဂူ (၂ ကြိမ်) နှင့် မက်ဂွိုင်းရား၊ အမ်ဘူမို၊ ရှက်ရှကို၊ ကက်စီမီရိုတို့က တစ်ကြိမ်စီ ရရှိထားကြောင်း သိရှိရပါသည်။

news-view-count-icon

13