back

ဖူးခက်တွင် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ဖမ်းဆီး

Mar 21 • 4:42 AM

breaking-news

South Korea

Local News

cover

ဖူးခက်တွင် တောင်ကိုရီးယား မူးယစ်ဂိုဏ်းသား ၄ ယောက်ကို ဖမ်းဆီး

တောင်ကိုရီးယားရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်အရ ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ ဇိမ်ခံအိမ်ရာတစ်ခုကို မတ်လ ၁၉ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ တောင်ကိုရီးယားနိုင်ငံအတွင်းသို့ မ...

တောင်ကိုရီးယားရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်အရ ထိုင်းနိုင်ငံ၊ ဖူးခက်ရှိ ဇိမ်ခံအိမ်ရာတစ်ခုကို မတ်လ ၁၉ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ တောင်ကိုရီးယားနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးမှောင်ခိုသွင်းရန် စီစဉ်နေသည့် ကိုရီးယားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများမှာ အသက် ၃၁ နှစ်မှ ၄၃ နှစ်အတွင်းရှိ ဆင်မ်၊ လီ၊ ကင်မ် နှင့် ဆို တို့ဖြစ်ပြီး ၎င်းတို့ထံမှ ကက်တမင်း ၃၀၀ ဂရမ်၊ အိုက်စ် (ICE) ၁၀၀ ဂရမ်၊ ကွန်ပျူတာနှင့် ဖုန်းများအပြင် တန်ဖိုးကြီးအမှတ်တံဆိပ် နာရီနှင့် အိတ်များကိုပါ သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့သည် မူးယစ်ဆေးသုံးစွဲထားသည့်အပြင် ဗီဇာရက်လွန် နေထိုင်နေသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး လက်ရှိတွင် ထိုင်းဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

16