အင်္ဂလန်လက်ရွေးစင်အသင်းသည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်ကစားမည့် အိမ်ကွင်းနှင့် အဝေးကွင်း ဂျာစီဒီဇိုင်းသစ်များကို တရားဝင်မိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။ အင်္ဂလန်အသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားတွင် အုပ်စု (L) ၌ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး ၎င်းတို့၏ ရိုးရာအရောင်များကို အခြေခံထားသည့် ဂျာစီသစ်များဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



