ဂျီရိုနာအသင်းအား လာလီဂါတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးထားသည့် နည်းပြ မစ်ချဲလ် (Míchel) က ၎င်းအနေဖြင့် မည်သည့်အသင်းကြီးကိုမဆို ကိုင်တွယ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ မစ်ချဲလ်သည် ဗယ်လက်ကာနိုနှင့် ဟူဆကာအသင်းတို့ကို လာလီဂါသို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး၊ ၂၀၂၃-၂၄ ရာသီတွင် ဂျီရိုနာအသင်းကို အဆင့် (၃) နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေခဲ့သူဖြစ်သည်။ ဂျီရိုနာသည် မန်စီးတီးကို ပိုင်ဆိုင်သည့် City Football Group ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ဂွါဒီယိုလာ ထွက်ခွာပါက မစ်ချဲလ်သည် အလားအလာအရှိဆုံး အစားထိုးခံရမည့်သူအဖြစ် ထင်ကြေးပေးခံနေရခြင်းဖြစ်သည်။ ၎င်းက မန်စီးတီးကဲ့သို့ အသင်းကြီးမျိုးကို ကိုင်တွယ်ရန် မေးမြန်းမှုအပေါ် မိမိတွင် အံဝင်ခွင်ကျဖြစ်နိုင်သည့် အရည်အချင်းရှိပြီး စိန်ခေါ်မှုများကို ကြိုးစားကြည့်ချင်ကြောင်း ယုံကြည်မှုရှိရှိ တုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏ နေရာတွင် အစားထိုးရန် ရေပန်းစားနေသည့် ဂျီရိုနာနည်းပြ မစ်ချဲလ်က မည်သည့်အသင်းကိုမဆို ကိုင်တွယ်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြား
Mar 21 • 4:38 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


