ပေါ်တူဂီလက်ရွေးစင်အသင်းသည် ယခုမတ်လအတွင်း ကစားမည့် မက္ကဆီကို (မတ် ၂၈) နှင့် အမေရိကန် (မတ် ၃၁) တို့နှင့် ခြေစမ်းပွဲများအတွက် လူစာရင်းထုတ်ပြန်ရာတွင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပါဝင်လာခြင်းမရှိပေ။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အယ်လ်နာဆာအသင်းနှင့်အတူ ကစားစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး မက်ဒရစ်မြို့တွင် သီတင်းပတ်နှစ်ပတ်ကြာ ကုသမှုခံယူခဲ့ရသော်လည်း ပွဲကစားရန် အသင့်မဖြစ်သေးခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်မြေတွင် ပွဲကစားရန် အခွင့်အရေးကို ဒဏ်ရာကြောင့် ထပ်မံလက်လွှတ်ခဲ့ရသည်။ ယခုလူစာရင်းတွင် ဝက်စ်ဟမ်းကွင်းလယ်လူ ဖာနန်ဒက်စ်သည် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှ ကစားသမား စုစုပေါင်း ၆ ဦးအထိ ပါဝင်လာကြောင်း သိရှိရပါသည်။
Mar 21 • 4:46 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


