back

စွမ်းအင်ပြဿနာကြောင့် ထိုင်း ဆုန်ကရန်သင်္ကြန် ခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းနေ

Mar 21 • 4:01 AM

breaking-news

Thailand

Local News

cover

စွမ်းအင်ပြဿနာကြောင့် ထိုင်း ဆုန်ကရန်သင်္ကြန် ခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းနေ

အရှေ့အလယ်ပိုင်းဒေသရှိ အီရန်နှင့် အမေရိကန်တို့၏ စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီစျေးနှုန်းများ မြင့်တက်ကာ စွမ်းအင်ရရှိမှု မရေရာတော့သဖြင့် လာမည့်ဧပြီလတွင် ကျရ...

အရှေ့အလယ်ပိုင်းဒေသရှိ အီရန်နှင့် အမေရိကန်တို့၏ စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီစျေးနှုန်းများ မြင့်တက်ကာ စွမ်းအင်ရရှိမှု မရေရာတော့သဖြင့် လာမည့်ဧပြီလတွင် ကျရောက်မည့် ထိုင်းဆုန်ကရန်သင်္ကြန် ခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းနေရကြောင်း သိရသည်။ ထိုင်းပို့ဆောင်ရေး အော်ပရေတာများအသင်း၏ အဆိုအရ လောင်စာဆီနှင့် ဟိုတယ်စရိတ်များ မြင့်တက်လာမှုကြောင့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှု လျော့နည်းသွားနိုင်ပြီး၊ ယခင်နှစ်များကကဲ့သို့ အော်ဒါများ ပြည့်နှက်နေခြင်း မရှိတော့ကြောင်း သိရသည်။ အထူးသဖြင့် ကန်ချနာဘူရီကဲ့သို့သော အပန်းဖြေစခန်းများတွင် ခရီးသွားနည်းပါးနိုင်သဖြင့် ဟိုတယ်လုပ်ငန်းရှင်များမှာ ဝန်ထမ်းအင်အား တိုးမြှင့်ခြင်းမပြုတော့ဘဲ ဝန်ထမ်းလျှော့ချရန်အထိပင် စဉ်းစားနေရကြောင်း သိရှိရပါသည်။

news-view-count-icon

8