back

မြဝတီမြို့တွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၆၂ ဦးအား အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ

Mar 21 • 3:38 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့တွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၆၂ ဦးအား အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ကျွန်းတောလမ်းအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သူများရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က ယ...

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ကျွန်းတောလမ်းအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သူများရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ရာ၊ အထည်ချုပ်စက်ရုံဟောင်းတစ်ခုအတွင်း ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင် ၎င်းတို့အား ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁) အရ ထိရောက်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23