back

တရုတ်နိုင်ငံသား(၈၅)ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်၌ဖမ်းမိ

Mar 21 • 3:33 AM

breaking-news

Myanmar

Shan

breaking-news
cover

တရုတ်နိုင်ငံသား(၈၅)ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှမ်းပြည်နယ်၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၈၅)ဦ...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၈၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ မတ် ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။လုံခြုံရေးအဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်လျက်ရှိသည့် တရုတ်နိုင် ငံသား(၈၅)ဦးကို ဖုန်းမျိုးစုံ(၂၈၆)လုံး၊ ကွန်ပျူတာ(၃၀) လုံး၊ Laptop (၂၈)လုံး၊ အဆောက်အဦး(၁)လုံးတို့နှင့်အ တူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


news-view-count-icon

15