back

မလေးရှားတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်ထုတ်ပေး

Mar 21 • 3:34 AM

breaking-news

Malaysia

Local

cover

မလေးရှားတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များထုတ်ပေးခြင်းကို ပုံမှန်ရုံးဖွင့်ရက်အပြင် ရက်တိုးသတ်မှတ်ထုတ်ပေး

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းများကို ပုံမှန်ရုံးဖွင့်ရက်များအပြင် ၂၀၂၆ ခုနှ...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးခြင်းလုပ်ငန်းများကို ပုံမှန်ရုံးဖွင့်ရက်များအပြင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ဧပြီ ၄ ရက်၊ ဧပြီ ၁၁ ရက်နှင့် ဧပြီ ၁၉ ရက် (စနေ၊ တနင်္ဂနွေရက်များ) တွင်ပါ ထပ်တိုးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လာရောက်လျှောက်ထားလိုသူများအနေဖြင့် မြန်မာသံရုံး၏ ဝက်ဘ်ဆိုက် (https://www.mekl.org) တွင် ကြိုတင်ရက်ချိန်း (Appointment) ရယူထားရန် လိုအပ်ပြီး၊ သတ်မှတ်ရက်ချိန်းရရှိသူများကိုသာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

8