သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၃၃,၈၀၀ တင်ဆောင်လာသော MT DAPENG PRINCESS သင်္ဘောသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ (၅) ကြိမ်မြောက်အဖြစ် ဆိုက်ကပ်၍ ဓာတ်ငွေ့များ ဖြည့်တင်းပေးခဲ့သည်။ အဆိုပါ LNG မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ သီလဝါနှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ အရေးကြီးနေရာများကို တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ဖြန့်ဖြူးပေးနေခြင်းဖြစ်ရာ၊ ယခုကဲ့သို့ ဖြည့်တင်းနိုင်မှုကြောင့် မဟာဓာတ်အားလိုင်းမှ အခြားနေရာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုခွဲဝေပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် မြန်မာ့သင်္ကြန်ကာလမတိုင်မီ လျှပ်စစ်ဓာတ်အား လုံလောက်စေရန်အတွက် (၆) ကြိမ်မြောက် LNG သင်္ဘောကိုလည်း ထပ်မံစေလွှတ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၃ သောင်းကျော် တင်ဆောင်လာသည့် သင်္ဘော သီလဝါဆိပ်ကမ်းသို့ (၅) ကြိမ်မြောက် ဆိုက်ကပ်
Mar 21 • 3:29 AM
Myanmar
Yangon
Share
| 8 | 0 | 0 | 0 |


