ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မတ်လ ၂၀ ရက် ညပိုင်းက ကျင်းပခဲ့သည့် ONE Friday Fights 147 ပြိုင်ပွဲတွင် မြန်မာမျိုးဆက်သစ်ဖိုက်တာ ကျော်စွာဝင်းသည် ဝါရင့်ထိုင်းဖိုက်တာ ဆမင်းဒမ်ကို ဒိုင်ပွဲဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကျော်စွာဝင်းသည် ပွဲစဥ်တစ်လျှောက် ရှေ့တိုးတိုက်စစ်ဆင် ကစားခဲ့သော်လည်း ခြေကန်ချက်နှင့် လက်သီးတွဲလုံးများဖြင့် ဖိအားပေးနိုင်သည့် ဆမင်းဒမ်၏ ထိချက်သာလွန်မှုကြောင့် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဂျပန်ဖိုက်တာကို အလဲထိုးကာ ပွဲဦးထွက်လှပခဲ့သည့် ကျော်စွာဝင်းအတွက် ဤပွဲသည် ONE တွင် ဒုတိယမြောက် ပွဲစဉ်ဖြစ်ပြီး၊ ဒိုင်များ၏ ဆုံးဖြတ်ချက်အပေါ် မြန်မာပရိသတ်များအကြား ဝေဖန်မကျေနပ်မှုများ ရှိနေသော်လည်း ပြိုင်ဘက် ဆမင်းဒမ်မှာမူ ယခုနိုင်ပွဲအပါအဝင် ယခုနှစ်အတွင်း ၄ ပွဲဆက်တိုက် နိုင်ပွဲရလဒ်ကို ပိုင်ဆိုင်သွားခဲ့ကြောင်း သိရှိရပါသည်။
Mar 21 • 3:21 AM
Myanmar
International
Share
| 5 | 0 | 0 | 0 |


