back

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အောင်သပြေတွင် လမ်းချော်ကာ ယာဉ်တိုက်မှုဖြစ်ပွား

Mar 20 • 4:14 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အောင်သပြေတွင် လမ်းချော်ကာ ယာဉ်တိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲတွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က အတက်လမ်းမှကားသည် လမ်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲတွင် ယနေ့ မတ်လ ၂၀ ရက်၊ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က အတက်လမ်းမှကားသည် လမ်းချော်ပြီး အဆင်းလမ်းဘက်သို့ ရောက်ရှိကာ တစ်ဘက် အဆင်း လမ်းမှ ဆင်းလာသည့် ကားနှင့် ဝင်ရောက်တိုက်မိခဲ့ပြီး နောက်မှ ကပ်လိုက်လာသည့် ဆိုင်ကယ်တစ်စီးနှင့် ထပ်မံတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိဥသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီး ၂ ဦးနှင့် ကားပေါ်ပါ အဖွားအို ၁ ဦး၊ စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မဟာဝီရရက္ခိတလူမှုရေးအသင်း ယာဉ်ဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


news-view-count-icon

4