back

ဧရာဝတီတိုင်းတွင် စပါး တင်း ၁၀၀ ကို ကျပ် ၁၂ သိန်းအထိ ဈေးကျဆင်းနေခြင်းကြောင့် တောင်သူများအခက်တွေ့

Mar 20 • 2:23 PM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းတွင် စပါး တင်း ၁၀၀ ကို ကျပ် ၁၂ သိန်းအထိ ဈေးကျဆင်းနေခြင်းကြောင့် တောင်သူများအခက်တွေ့

ဧရာဝတီတိုင်းအတွင်း ဒေသခံတောင်သူများ စိုက်ပျိုးမှုများသည့် ရက် ၉၀ ၊ GW-11 ၊ ထိုင်းဘေးကြား ၊ ဗီယက်နမ် ၊ နယူးဧရာ ၊ ဗျောသုခ စသည့်နွေစပါးအသစ်အမျိုးအစားများ ဈေးကွက်အတ...

ဧရာဝတီတိုင်းအတွင်း ဒေသခံတောင်သူများ စိုက်ပျိုးမှုများသည့် ရက် ၉၀ ၊ GW-11 ၊ ထိုင်းဘေးကြား ၊ ဗီယက်နမ် ၊ နယူးဧရာ ၊ ဗျောသုခ စသည့်နွေစပါးအသစ်အမျိုးအစားများ ဈေးကွက်အတွင်း၌ တင်းရေ ၁၀၀ ကို ငွေကျပ် ၁၂ သိန်းဝန်းကျင်သာ ဈေးရရှိပြီး ပြီးခဲ့သည့်နှစ်နွေစပါးပေါ်ချိန်က စပါး တင်း ၁၀၀ ကို ကျပ် ၁၅ သိန်းကျော်အထိ စျေးရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စပါးဈေးကျဆင်းနေရသည့် အဓိကအချက်သည် ပြည်ပဆန်ဈေးကွက် ကျဆင်းနေပြီး မြန်မာက ဆန်တင်ပို့မှုလျော့ကျနေသည့်အတွက်ဖြစ်ပြီးစပါးများလှိုင်လှိုင်ပေါ်ချိန်တွင် စပါးဈေး ဆက်လက်ကျဆင်းလာနိုင်ကြောင်း သိရသည်။ထိုသို့စပါးဈေးကျဆင်းနေသည့်အပြင် စပါးကိုဝယ်ယူသူမရှိခြင်းနှင့် အနည်းအငယ်ဝယ်သူသည့် ဝယ်လက်များသည်လည်း အကြွေးစနစ်ဖြင့် ၇ ရက်ဆိုင်းသို့မဟုတ် ၁၅ ရက်ဆိုင်းစနစ်ဖြင့် ဝယ်ယူနေခြင်းကြောင့် တောင်သူများသည် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။ 





news-view-count-icon

9