မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာတာကြောင့် မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစု နေ့စဉ် မပြေးဆွဲနိုင်တော့ဘူးလို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုဟာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲတွေကြောင့် တစ်ပတ်လျှင် နှစ်ရက်လောက်သာ ပြေးဆွဲရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။စက်သုံးဆီ အခက်အခဲတွေကြောင့် ယာဉ်စီးခတွေလည်း မြို့နယ်အလိုက်အပေါ် မူတည်ပြီး အရင်ကထက် လူတစ်ဦးကို ကျပ် ၄၀၀၀ ကနေ ကျပ် ၇၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။တဖက်မှာလည်း စက်သုံးဆီ အခက်အခဲတွေကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအပါအဝင် အသေးစား SME လုပ်ငန်းအများစု ယာယီရပ်နားထားရတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။



