back

အသက်မပြည့်သူများအပါအဝင်အမျိုးသမီးအယောက်၂၀နီးပါးပါသော ပြည့်တန်ဆာခန်း ကမာရွတ်၌ ဖမ်းဆီးရမိဟုဆို

Mar 20 • 4:15 PM

breaking-news

Myanmar

Yangon

cover

အသက်မပြည့်သူများအပါအဝင်အမျိုးသမီးအယောက်၂၀နီးပါးပါသော ပြည့်တန်ဆာခန်း ကမာရွတ်၌ ဖမ်းဆီးရမိဟုဆို

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းတွင် အသက်မပြည့်သေးသူများအပါအဝင် အမျိုးသမီး အယောက် ၂၀ နီးပါး ပါဝင်သော ပြည့်တန်ဆာခန်းတစ်ခုကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းတွင် အသက်မပြည့်သေးသူများအပါအဝင် အမျိုးသမီး အယောက် ၂၀ နီးပါး ပါဝင်သော ပြည့်တန်ဆာခန်းတစ်ခုကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်ရပ်မှာ ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဒိုင်းမွန်းကွန်ဒို၊ အခန်းအမှတ် ၇၀၅ ကို သက်ဆိုင်ရာတာဝန်ရှိသူ များက မတ်လ ၁၈ ရက်၌ ဝင်ရောက်ဖမ်းဆီးရာ ယင်းအမျိုးသမီးများနှင့် လုပ်ငန်းမှရရှိသည့်ငွေကြေးများကိုလည်း သိမ်းဆည်းရမိခဲ့ကြကြောင်း သိရသည်။နယ်မှရန်ကုန်သို့အလုပ်လာလုပ်သည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်တစ်ဦးကို ပြည့်တန်ဆာခန်းဆီသို့ ပို့ဆောင်ပေးသူတစ်ဦးအား အင်းစိန်မြို့နယ်အတွင်း ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အဖြစ်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကမာရွတ်မြို့နယ်အတွင်းမှ အမျိုးသမီး ၁၈ ဦး၊ လုပ်ငန်းမှရရှိသောငွေ ၂၂၄ သိန်းကျော်ကိုလည်း သက်ဆိုင်ရာမှ သိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။





news-view-count-icon

9