back

အာဆင်းနစ်ပါဝင်မှု မြင့်တက်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကို ဓာတ်ခွဲစမ်းသပ်နေတယ်လို့ IEC ပြော

Mar 20 • 1:12 PM

breaking-news

Myanmar

Kayin

cover

အာဆင်းနစ်ပါဝင်မှု မြင့်တက်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကို ဓာတ်ခွဲစမ်းသပ်နေတယ်လို့ IEC ပြော

ကရင်နီပြည်နယ်ထဲမှာ အာဆင်းနစ် (Arsenic) ပါဝင်မှု မြင့်တက်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကို ဓာတ်ခွဲစမ်းသပ်နေတယ်လို့ IEC အတွင်းရေးမှူး (၂) ပြော...

ကရင်နီပြည်နယ်ထဲမှာ အာဆင်းနစ် (Arsenic) ပါဝင်မှု မြင့်တက်နေတဲ့ သံလွင်မြစ်နဲ့ မိုလိုချောင်းထဲက ရေနေသတ္တဝါတွေကို ဓာတ်ခွဲစမ်းသပ်နေတယ်လို့ IEC အတွင်းရေးမှူး (၂) 

ပြောပါတယ်။ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ ချင်းမိုင်တက္ကသိုလ် (သဘာဝပတ်ဝန်းကျင် သုတေသနဌာန) တို့ ပူးပေါင်းပြီး သံလွင်မြစ်အထက်ပိုင်း (ရှမ်း-ကရင်နီနယ်စပ်)၊ သံလွင်မြစ်အလယ်ပိုင်းနဲ့ သံလွင်မြစ်အောက်ပိုင်း (ကရင်နီ-ကရင်/ကော်သူးလေ နယ်စပ်) တစ်လျှောက် နေရာ (၁၀) ခုနဲ့ မိုလိုချောင်းမှာ နေရာ (၁) ခုတို့မှာ ရေနမူနာတွေ ယူပြီး သုံးရက်တာ ဓာတ်ခွဲစမ်းသပ်ခဲ့ရာ အာဆင်းနစ် အဆိပ်ပမာဏ (၄) ဆကနေ (၅၅.၃) ဆအထိ ပါဝင်မှု မြင့်မားနေတယ်လို့ တွေ့ရကြောင်း ပြောပါတယ်။လက်ရှိမှာတော့ အာဆင်းနစ်ပါဝင်မှု မြင့်တဲ့ ရေတွေကို မသုံးစွဲ မသောက်သုံးဖို့နဲ့ အဲ့ဒီရေထဲက ရေနေသတ္တဝါတွေကို စားမယ်ဆိုရင် အူထုတ်၊ ခေါင်းဖြတ်ပြီး စွန့်ပစ်ဖို့ လိုအပ်တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။




news-view-count-icon

6