back

ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းသားပြိုကျပျက်စီး၊ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ

Mar 20 • 2:18 PM

breaking-news

Myanmar

Kachin

cover

ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းသားပြိုကျပျက်စီး၊ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် ဒေသခံများ လိုလားနေ

​ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်းသည် ယခု ၂၀၂၆ ခုနှစ် မတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းသားများ ထပ်မံပြိုကျပ...

​ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို-ခေါင်လန်ဖူး ကားလမ်းပိုင်းသည် ယခု ၂၀၂၆ ခုနှစ် မတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းသားများ ထပ်မံပြိုကျပျက်စီးခဲ့ပြီး ဒေသခံပြည်သူများ သွားလာရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိပါသည်။အဆိုပါ ခေါင်လန်ဖူးကားလမ်းပိုင်းသည် ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်းကလည်း မိုးများမှုကြောင့် လမ်းသားများဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ဖူးပြီး ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ပြည်သူများ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် များစွာအခက်အခဲဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းတစ်ခုဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက လိုလားတောင်းဆိုနေကြပါသည်။





news-view-count-icon

14