back

မြိတ်-ထားဝယ်ကားလမ်းပိတ်စဥ် ပျောက်ဆုံးသည့် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ်မရ

Mar 20 • 1:11 PM

breaking-news

Myanmar

Tanintharyi

cover

မြိတ်-ထားဝယ်ကားလမ်းပိတ်စဥ် ပျောက်ဆုံးသည့် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်အထိ အဆက်အသွယ်မရ

မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်နေစဥ် ဖေဖော်ဝါရီလက ပျောက်ဆုံးခဲ့သည့် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အ...

မြိတ်-ထားဝယ်ကားလမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်၍ လမ်းပိတ်နေစဥ် ဖေဖော်ဝါရီလက ပျောက်ဆုံးခဲ့သည့် အသက် ၂၀ ဝန်းကျင် မြိတ်ဒေသခံလူငယ်နှစ်ဦး တစ်လကျော်ကြာသည်အထိ အဆက်အသွယ်မရကြောင်း ကာယကံရှင်၏ မိသားစုနှင့် နီးစပ်သူများ ထံမှ သိရသည်။ပျောက်ဆုံးနေသူ နှစ်ဦးမှာ ကိုဘုန်းနိုင်အောင်နှင့် ၎င်း၏သူငယ်ချင်း ကိုချမ်းမြေ့ပိုင်တို့ဖြစ်ကြပြီး ထားဝယ်မှ မြိတ်သို့ ပြန်လာစဥ် သရက်ချောင်းမြို့တွင် အဆက်အသွယ်ပြတ်သွားကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။၄င်းတို့နှစ်ဦးစလုံး၏ ဖုန်းနှင့် လူမှုကွန်ရက်အကောင့်များအားလုံး ယနေ့ မတ်လ ၂၀ရက်အထိ ဆက်သွယ်၍ မရတော့ကြောင်း မိသားစုထံမှ သိရသည်။နောက်ဆုံး အဆက်အသွယ်ရခဲ့သည့် ဘုန်းကြီးကျောင်းနှင့် လမ်းပိုင်းတွင် အသိမိတ်ဆွေများဖြင့် သွားရောက် ရှာဖွေခဲ့သော်လည်း နှစ်ဦးစလုံးကို ရှာမတွေ့ခဲ့ကြောင်း ကိုဘုန်းနိုင်အောင်၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။လူပျောက်တိုင်ကြားမှုပြုလုပ်ထားပြီး မိသားစုက မတ်လ ၁၈ ရက်တွင် လူမှုကွန်ရက်၌ အကူအညီတောင်းခံခဲ့ကြောင်း မိသားစုထံမှ သိရသည်။ 





news-view-count-icon

26