ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီစျေးအဆမတန်မြှင့်တက်မှုကြောင့် အင်းလေးဒေသမှာလည်း စက်လှေတစ်ခါထွက်ရရန် တန်းစီရခြင်း၊ ဆီဝယ်မရခြင်း ကြုံနေရကြောင်း သိရသည်။ထို့အပြင် လက်ရှိစစ်အစိုးရ သတ်မှတ်စျေး ပရီမီယံ ဒီဇယ် တစ်လီတာ (၄၉၃၅)ကျပ်ရှိပြီး ပြင်ပပေါက်စျေး တစ်လီတာ (၁)သောင်းနှင့်အထက် ပေးဝယ်နေရကြောင်း ၎င်းက ရှင်းပြသည်။ယခင်က စက်လှေဌားခ (၈)သောင်းမှ ယခု အနည်း ဆုံး (၁)သိန်းအထက်ရှိပြီး စက်လှေဆိပ်နေရာပေါ် မူတည်ပြီး စျေးအပြောင်းအလဲရှိမည်ဟု သိရသည်။ဓာတ်ဆီစျေးအဆမတန်မြှင့်တက်မှုကြောင့် စက်လှေဖြင့် သက်မွေးဝမ်းကြောင်းပြုနေရသူများ ခက်ခဲမှုများစွာ ကြုံတွေ့ရကြောင်း သိရသည်။



