ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှ ဒီကနေ့ ၂၀ ရက်အတွင်း ပရီမီယံဒီဇယ်ဈေးမှာ ၁,၉၇၅ ကျပ်(ကျပ် ၂,၀၀၀ နီးပါး)နဲ့ ဒီဇယ်ဈေးမှာ ၁,၈၂၅ ကျပ်အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် မြင့်တက်နေပြီး အပတ်စဉ် သောကြာနေ့နဲ့ အင်္ဂါနေ့တိုင်း ဈေးနှုန်း အပြောင်းအလဲ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ စက်သုံးဆီသတ်မှတ်ဈေးတွေဟာ ၉၂ တစ်လီတာ ကျပ် ၃,၆၁၀ ၊ ၉၅ တစ်လီတာ ကျပ် ၃,၈၅၀ ၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၄,၈၂၀ နဲ့ ဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ်အထိရှိလာပြီး ယခင်တစ်ပတ်ဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စက်သုံးဆီကို တစ်နေ့လျှင် တစ်ကြိမ်သာ ဖြည့်တင်းခွင့်ရသဖြင့် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းများ ထိခိုက်နေပြီး ကုန်ဈေးနှုန်းများလည်း စတင်ပြီး လိုက်ပါမြင့်တက်လာနေတာ ဖြစ်ပါတယ်။



