ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အားကစားကွင်း အရှေ့ဘက်ရှိ လူနေတိုက်ခန်းများအား ယနေ့မတ်၂၀ ရက်တွင် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန်စာထုတ်ထားပြီး ဖြစ်သဖြင့် အကယ်၍ မပြောင်းရွှေ့ပါက အင်အားသုံး ဖယ်ရှားခံရနိုင်ကြောင်း နေထိုင်သူများထံမှ သိရသည်။ယင်းသို့ ပြောင်းရွှေ့ရမည်ကို ပြန်လည်သုံးသပ်ပေးရန် တိုက်ခန်းနေပြည်သူများက တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မည်သို့မျှ အကြောင်းမထူးသေးဟု တိုက်ခန်းပိုင်ရှင်များက ပြောသည်။လက်ရှိတွင် ဆိုင်ခန်းများမှာမူ အမိုးနှင့် တံခါးစသည့် ပြန်လည် အသုံးပြုနိုင်မည့် ပစ္စည်းများကို ပိုင်ရှင်များက ကိုယ့်အစီအစဥ်ဖြင့်ကိုယ် ဖျက်သိမ်းယူနေကြသလို တိုက်ခန်းမှ ပစ္စည်းများလည်း ရွှေ့ပြောင်းနေကြကြောင်း သိရသည်။



