back

ထိုင်းမှာ လောင်စာ ပြတ်လပ်မှုနဲ့ ကြုံရတဲ့ ပြည်နယ်တွေ ပိုများလာ

Mar 20 • 6:29 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ လောင်စာ ပြတ်လပ်မှုနဲ့ ကြုံရတဲ့ ပြည်နယ်တွေ ပိုများလာ

ထိုင်းမှာ လောင်စာ ထောက်ပံ့ရေး ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေချိန် ဓာတ်ဆီဆိုင်တွေမှာ ညအချိန် အကြာကြီး တန်းစီ စောင့်ဆိုင်းရတာ၊ ဆီကုန်သွားပြီဆိုတဲ့ ကြေညာချက်တွေ ကပ်ထား...

ထိုင်းမှာ လောင်စာ ထောက်ပံ့ရေး ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေချိန် ဓာတ်ဆီဆိုင်တွေမှာ ညအချိန် အကြာကြီး တန်းစီ စောင့်ဆိုင်းရတာ၊ ဆီကုန်သွားပြီဆိုတဲ့ ကြေညာချက်တွေ ကပ်ထားတာတွေ ပိုများလာတာနဲ့အတူ လောင်စာ ပြတ်လပ်မှုနဲ့ ကြုံတွေ့ရတဲ့ ပြည်နယ်တွေ ပိုများလာနေပါတယ်။ချိုင်နတ်ပြည်နယ်ရဲ့ မူအန်းဒေသရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်မှာ မတ် ၁၉ ရက်က ယာဉ်မောင်းတွေဟာ မတ် ၁၈ရက် ညကတည်းက ဆီတန်းစီခဲ့ရပါတယ်။ဓာတ်ဆီဆိုင်တွေက တောင်သူလယ်သမားတွေကို ဦးစားပေး ဆီထုတ်ပေးနေပြီး လူနာတင်ယာဉ်တွေ၊ အရေးပေါ်နဲ့ ကယ်ဆယ်ရေးယာဉ်တွေအတွက် လောင်စာ ၆၀၀ လီတာ အရန်ထားပေးတယ်လို့ သိရပါတယ်။ဖာယာအိုပြည်နယ်ရှိ ဓာတ်ဆီဆိုင်တွေမှာတော့ ဆီကုန်သွားပြီ ဆိုတဲ့ ကြေညာချက်တွေ ကပ်ထားတာ တွေ့ရပါတယ်။ဆီထုတ်ပေးတဲ့ ဆိုင်တွေမှာလည်း ကားတွေ ဆိုင်ကယ်တွေ အများကြီး တန်းစီပြီး ထုတ်ကြရပါတယ်။

ကုန်တင်ကားတွေနဲ့ လုပ်ငန်းသုံးကားတွေ အများကြီး မနက် ၄ နာရီကတည်းက ဆီထုတ်ဖို့ တန်းစီနေတာ တွေ့မြင်နေရပါတယ်။အရန်ဆီ အလုံအလောက် ရှိတာကြောင့် လောင်စာ ပြတ်လပ်မယ့်အရေး စိုးရိမ်စရာ မလိုဘူးလို့ ထိုင်း အစိုးရက ပြောထားပေမယ့် အလုအယက် ဝယ်ယူမှုတွေ ရှိနေပါတယ်။ဆီဆိုင်တွေကို ဆီလာပို့တဲ့အချိန် တသမတ်တည်း မရှိတာကြောင့် ဒေသတချို့ရှိ ဆီဆိုင်တွေအနေနဲ့ ဆိုင်ကို ယာယီ ပိတ်ထားရတာ ရောင်းချမှုကို ကန့်သတ်တာတွေ လုပ်ဆောင်နေကြရပါတယ်။လောင်စာပြတ်လပ်ရင် နေ့စဉ်ဘဝတွေ ခက်ခဲလာမှာ၊ သယ်ယူပို့ဆောင်စရိတ် ပိုကြီးလာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှာကို အများက စိုးရိမ်နေကြပါတယ်။ချိုင်အန်မိုင်ပြည်နယ် နာရွမ်ဘွန်မာ ဒေသမှာ စားကုန်ပို့သူတွေ အလုပ်လုပ်ရတာ ခက်သထက် ခက်ခဲ လာနေပါတယ်။



news-view-count-icon

14