ထိုင်းဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဘဏ်များတွင် တစ်ရက်တည်း၌ ငွေသားဘတ် ၅ သန်းနှင့်အထက် ထုတ်ယူသူများကို စွန့်စားရမှုမြင့်မားသည့်အုပ်စုအဖြစ် သတ်မှတ်ကာ ငွေကြေးရရှိရာလမ်းကြောင်းနှင့် အသုံးပြုမည့်ရည်ရွယ်ချက်တို့ကို ခိုင်လုံသောစာရွက်စာတမ်း အထောက်အထားများဖြင့် တိတိကျကျ စစ်ဆေးသွားမည်ဖြစ်သည်။ မတ်လ ၁၉ ရက်နေ့ထုတ် Royal Gazette တွင် ဖော်ပြထားသည့် အဆိုပါစည်းမျဉ်းသစ်အရ ဘဏ်များအနေဖြင့် ငွေထုတ်ယူသူ၏ လုပ်ငန်းနှင့် ပိုင်ရှင်အစစ်အမှန်ဟုတ်မဟုတ်ကို သေချာစွာစိစစ်ရမည်ဖြစ်ပြီး၊ အထောက်အထားမခိုင်လုံပါက ငွေထုတ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် အခြားခြေရာခံနိုင်သည့်နည်းလမ်းများဖြင့်သာ သုံးစွဲခိုင်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ဤသို့ တင်းကြပ်ရခြင်းမှာ ခြေရာခံရန်ခက်ခဲသော ငွေသားအရောင်းအဝယ်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ဘဏ္ဍာရေးရာဇဝတ်မှုများကို တားဆီးရန်နှင့် အီလက်ထရောနစ်စနစ်သုံး ဝန်ဆောင်မှုများတွင်လည်း PIN၊ OTP နှင့် Biometrics နည်းပညာများဖြင့် လုံခြုံရေးအဆင့်မြှင့်တင်ကာ ပြည်သူများကို ကာကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံတွင် တစ်ရက်လျှင် ငွေဘတ် ၅ သန်းနှင့်အထက် ထုတ်ယူပါက ဧပြီ ၁ ရက်မှစတင်၍ အထောက်အထားများဖြင့် တင်းကြပ်စွာ စစ်ဆေးမည်
Mar 20 • 6:16 AM
Thailand
Local News
Share
| 19 | 0 | 0 | 0 |


