ထိုင်းနိုင်ငံ၊ ဖက်ချာဘူရီခရိုင်တွင် ထီလက်မှတ်အစစ်ပေါ်ရှိ ဂဏန်းများကို ကျွမ်းကျင်စွာ ပြုပြင်ပြောင်းလဲ၍ လိမ်လည်နေသူ ၄ ဦးကို မတ်လ ၁၉ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများသည် အသက် ၃၅ နှစ်မှ ၃၉ နှစ်အတွင်းရှိသူများဖြစ်ပြီး ၎င်းတို့သည် ထီလက်မှတ်ပေါ်ရှိ ဂဏန်းများကို ဓားဖြင့်ခြစ်ထုတ်ကာ QR Code အစစ်များ ကူးကပ်သည့်နည်းလမ်းဖြင့် အတုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ထီကိုယ်စားလှယ်တစ်ဦးထံတွင် ဘတ် ၃၀,၀၀၀ ကျော်ဖိုး လာရောက်လဲလှယ်ခဲ့ရာမှတစ်ဆင့် အစိုးရထီရုံးသို့ သွားရောက်ထုတ်ယူချိန်တွင် အတုဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တရားခံတစ်ဦးမှာ ထောင်မှလွတ်သည်မှာ ၅ လခန့်သာရှိသေးပြီး အပန်းဖြေခရီးစရိတ်ရရန် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ထီကိုယ်စားလှယ်များအနေဖြင့် မသိကျွမ်းသူများ လာရောက်လဲလှယ်ပါက မှတ်ပုံတင်မိတ္တူ သို့မဟုတ် ဓာတ်ပုံရိုက်ယူထားရန် ရဲတပ်ဖွဲ့က သတိပေးနှိုးဆော်ထားပါသည်။
Mar 20 • 2:58 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


