ယနေ့ မတ်လ ၂၀ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဂေါက်ကွင်း အပါအဝင် မန္တလေးနှင့် ပဲခူးတိုင်းတို့တွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မင်္ဂလာဒုံ ဇေကမ္ဘာဂေါက်ကွင်း၌ နံနက် ၄ နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီငြှိမ်းသတ်မှုကြောင့် ၁၅ မိနစ်အတွင်း မီးငြိမ်းသွားခဲ့သည်။ ထို့အတူ မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် (၁၃) ရပ်ကွက်တွင်လည်း နံနက် ၃ နာရီခွဲကျော်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက တစ်နာရီနီးပါးကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရပါသည်။
Mar 20 • 3:00 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


