ထိုင်းနိုင်ငံ ရယောင်ခရိုင် ရယောင်(Rayong)မြို့ရှိ Electronic စက်ရုံတစ်ရုံတွင်ဝန်ထမ်း အင်အား လျှော့ချသည်ဟုဆိုကာအလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၄၇၂ဦး၏ နစ်နာကြေးအဖြစ် ဘတ် ရှစ်သန်းကျော်ရရှိကြောင်းကူညီပေးခဲ့သည့် MHAC အဖွဲ့မှ သိရ သည်၎င်းစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၄၇၂ ဦးအားမတ် ၁၀ ရက်၌ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။အလုပ်သမားများက အကူအညီတောင်းခံလာသဖြင့် မတ် ၁၃ရက်၌ LPNဖောင်ဒေးရှင်း၊ နယ်မြေခံအစိုးရဌာန၏ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ကူညီဆောင်ရွက်မှုစတင်ခဲ့ကြောင်း သိရသည်။
မတ်၁၇ ရက်တွင် မြန်မာလုပ်သား ၄၇၂ ဦးအတွက် လုပ်အားခနှင့် နစ်နာကြေး ဘတ်ငွေ ဘတ် ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။သက်ဆိုင်ရာ ကြားခံအေဂျင်စီနှင့် သက်ဆိုင်ရာစက်ရုံ၏တာဝန်ရှိသူများက မတ် ၁၃ ရက် တွင် လာရောက်ညှိနှိုင်းပေးခဲ့ပြီး အစိုးရဌာနမှ တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးခဲ့ ခြင်းကြောင့် ရရှိခဲ့ကြောင်း MHACအဖွဲ့မှ သိရသည်။



