back

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအပြီး လောင်းကစားဝိုင်းများ ပြန်လည်ပြုလုပ်ခွင့်ပေး

Mar 20 • 2:54 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအပြီး လောင်းကစားဝိုင်းများ ပြန်လည်ပြုလုပ်ခွင့်ပေး

မွန်ပြည်နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးခဲ့သည့် မတ်လ ၁၇ ရက် ညပိုင်းမှစတင်၍ ပြည်နယ်အစိုးရအဖွဲ့က လောင်းကစားဝိုင်းများကို အကြီးအကျယ် ပြန်လည်ခွင့်ပြုပ...

မွန်ပြည်နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးခဲ့သည့် မတ်လ ၁၇ ရက် ညပိုင်းမှစတင်၍ ပြည်နယ်အစိုးရအဖွဲ့က လောင်းကစားဝိုင်းများကို အကြီးအကျယ် ပြန်လည်ခွင့်ပြုပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ခေတ္တရပ်နားထားခဲ့သော်လည်း ယခုအခါ ဘုရားပွဲနှင့် ပျော်ပွဲရွှင်ပွဲအမျိုးမျိုးကို အကြောင်းပြကာ ပါမစ်များချပေးလျက်ရှိရာ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အကျင့်စာရိတ္တပျက်ပြားလာခြင်းနှင့် ခိုးဆိုးလုနှိုက်မှုများ ပိုမိုများပြားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။ အဆိုပါ လောင်းကစားဝိုင်းများမှ ရရှိသောဝင်ငွေများကို တာဝန်ရှိသူအဆင့်ဆင့်က ခွဲဝေယူကြကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းလုပ်ရပ်များကြောင့် ဒေသတွင်း လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
news-view-count-icon

6