back

ရခိုင်ရဟန်းတော်သုံးပါး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုတက္ကသိုလ်မှာ  M.A ဘွဲ့ရရှိ

Mar 20 • 2:55 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ရဟန်းတော်သုံးပါး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုတက္ကသိုလ်မှာ  M.A ဘွဲ့ရရှိ

သီရိလင်္ကာနိုင်ငံရဲ့ အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ ကိုလံဘိုတက္ကသိုလ်ကနေ Master of Buddhist Studies နဲ့ M.A ဘွဲ့ကို မြန်မာက ရဟန်းတော်ငါးပါးရရှိခဲ့ပြီး အဲဒီထဲမှာ ရခိ...

သီရိလင်္ကာနိုင်ငံရဲ့ အမြင့်ဆုံးတက္ကသိုလ်ဖြစ်တဲ့ ကိုလံဘိုတက္ကသိုလ်ကနေ Master of Buddhist Studies နဲ့ M.A ဘွဲ့ကို မြန်မာက ရဟန်းတော်ငါးပါးရရှိခဲ့ပြီး အဲဒီထဲမှာ ရခိုင်က ရဟန်းတော်သုံးပါး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။M.A ဘွဲ့ရရှိသွားတဲ့ ရခိုင်ရဟန်းတော်သုံးပါးကတော့ အရှင်ဓနိဿရ(မင်းပြား)၊ အရှင်သီဟ(မင်းပြား)နဲ့ အရှင်ဝရဝံသ(ကျောက်တော်)တို့ဖြစ်ကြပါတယ်။အဲဒီရဟန်းတော်သုံးပါးဟာ အဲဒီပါတက္ကသိုလ်မှာ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် ဗုဒ္ဓဘာသာအထူးပြုဘာသာရပ်ကို စကောလားရှစ်နဲ့ နှစ်နှစ်ကြာတက်ရောက်လေ့လာသင်ယူခဲ့ပြီးနောက် M.A ဘွဲ့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားကြတာပါ။M.A ဘွဲ့ရရှိခဲ့တဲ့ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်သီဟက “ဒီဘွဲ့ကိုရရှိဖို့အတွက် ဆရာနဲ့အပြန်အလှန်ဆွေးနွေးခြင်း၊ Assignment ခုနှစ်ကြိမ်တင်ခြင်း၊ စာမေးပွဲဖြေခြင်း၊ နောက်ဆုံး M.A Thesis ရေးသားပြီး Supervisor စစ်ဆေးပြီး နောက်ဆုံး external Examiner စစ်ဆေးပြီး တက္ကသိုလ်ဘုတ်အဖွဲ့က လက်ခံပြီးမှ M.A ဘွဲ့ကိုရရှိခဲ့တာဖြစ်ပါတယ်”လို့ မိန့်ပါတယ်။

news-view-count-icon

12