back

တရားသူကြီးများ နေ့စဉ်တရားခွင်၌ ကျမ်းသစ္စာပြုရမည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

Mar 20 • 2:52 AM

breaking-news

Myanmar

Local

cover

တရားသူကြီးများ နေ့စဉ်တရားခွင်၌ ကျမ်းသစ္စာပြုရမည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေအရ တရားသူကြီးများအနေဖြင့် နေ့စဉ်တရားခွင်တက်ရောက်ချိန်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် မလိုတော့ကြေ...

ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေအရ တရားသူကြီးများအနေဖြင့် နေ့စဉ်တရားခွင်တက်ရောက်ချိန်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် မလိုတော့ကြောင်း သိရှိရပါသည်။ အဆိုပါပြင်ဆင်ချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၁၈ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး၊ မူလဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ(ဂ) ရှိ ပုဒ်မခွဲငယ်(၂) ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ တရားသူကြီးများကို တာဝန်စတင်ပေးအပ်ချိန်တွင် ကျမ်းသစ္စာပြုပြီးဖြစ်သည့်အတွက် နေ့စဉ်တရားခွင်၌ ထပ်မံပြုလုပ်ရန် မလိုအပ်တော့ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြီးသတ်ညှိနှိုင်းအစည်းအဝေးတွင် အကြံပြုဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ပြင်ဆင်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

12