ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိသည် ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် ပစိဖိတ်သမုဒ္ဒရာ ပင်လယ်နက်ပိုင်းရှိ မြေရှားသတ္တုများ (Rare Earth Minerals) ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ပြီးခဲ့သည့်လက မင်နာမီတိုရီရှီးမားကျွန်းအနီး ရေအောက်မီတာ ၆၀၀၀ အနက်မှ လျှပ်စစ်ကားနှင့် ဒုံးကျည်ထုတ်လုပ်ရေးတွင် အရေးပါသည့် မြေရှားသတ္တု ၁၇ မျိုးကို အောင်မြင်စွာ စမ်းသပ်ထုတ်ယူနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်နှင့် ပူးပေါင်းရန် ပြင်ဆင်လာခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် အဖိုးတန်သတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ပင်လယ်ပြင်ထွက် သတ္တုအရင်းအမြစ် ရှာဖွေရေးအတွက် ယခင်ကတည်းက အကြိုညှိနှိုင်းမှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။
Mar 20 • 2:51 AM
Japan
Local News
Share
| 9 | 0 | 0 | 0 |


