ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်းနှင့် အတွင်းရေးမှူး ဦးနေမျိုးထက်တို့ကို ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်မှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ ၎င်းတို့သည် ရွှေဈေးနှုန်းတည်ငြိမ်အောင် ကြပ်မတ်ရမည့် တာဝန်ရှိသူများဖြစ်သော်လည်း ကိုယ်တိုင်ပြင်ပပေါက်ဈေးဖြင့် ရွှေတုံးများကို ဝယ်ယူသိုလှောင်ကာ အမြတ်တင်ပြန်လည်ရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ စိစစ်ချက်များအရ ဥက္ကဋ္ဌ ဦးမျိုးမြင့်သည် အခေါက်ရွှေ ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းသည် ၉၇၀ ကျပ်သားနှင့် ဦးနေမျိုးထက်သည် ၃၁၉ ကျပ်သားတို့ကို အသီးသီးဝယ်ယူကာ ဈေးကွက်ကစားခဲ့ကြသဖြင့် သက်ဆိုင်ရာ၏ တားမြစ်ချက်များကို ချိုးဖောက်မှုဖြင့် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ အပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။
Mar 20 • 2:47 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


