back

ဘားအံစက်မှုဇုန်၌ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံစတင်ဖွင့်လှစ်

Mar 20 • 2:46 AM

breaking-news

Myanmar

Kayin

cover

ဘားအံစက်မှုဇုန်၌ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံစတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်တွင် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုမည့် "ကူဘိုတာ" တံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ရှိုင်းထူးကုမ္ပဏီမှ မတ်...

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်တွင် ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုမည့် "ကူဘိုတာ" တံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ရှိုင်းထူးကုမ္ပဏီမှ မတ်လ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၅,၉၀၀ ဖြင့် တည်ထောင်ထားသည့် အဆိုပါစက်ရုံသည် လက်တွန်းထွန်စက်နှင့် အင်ဂျင်များကို SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ကာ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ခဲ့ပြီး စက်ရုံအတွင်းရှိ စက်ရုပ်လက် (AImega) ဖြင့် တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ လက်ရှိတွင် ဘားအံစက်မှုဇုန်၌ လည်ပတ်စက်ရုံ ၅၄ ရုံနှင့် တည်ဆောက်ဆဲ ၂၈ ရုံရှိကာ အခြေခံအဆောက်အအုံများ ပြည့်စုံစွာ ဖြည့်ဆည်းပေးထားကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရှိရပါသည်။

news-view-count-icon

10