back

ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် စစ်ဆေး

Mar 20 • 2:45 AM

breaking-news

Myanmar

Ayeyarwady

cover

ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် စစ်ဆေး

ရန်ကုန်-ပုသိမ်လမ်းပိုင်းအား အပိုင်းလိုက် အဆင့်မြှင့်တင်လျက်ရှိရာ လက်ရှိတွင် မိုင်တိုင် ၅၆ နှင့် ၆၃ အကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းအထိ ပ...

ရန်ကုန်-ပုသိမ်လမ်းပိုင်းအား အပိုင်းလိုက် အဆင့်မြှင့်တင်လျက်ရှိရာ လက်ရှိတွင် မိုင်တိုင် ၅၆ နှင့် ၆၃ အကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မတ်လအတွင်း မိုင်တိုင်အမှတ် ၅၈ နှင့် ၆၁ အကြားရှိ လက်ဝဲ/လက်ယာဘက်ခြမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် မှာကြားခဲ့သည်။ အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်နှင့် ပုသိမ်အကြား သွားလာရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10