မြန်မာနေရှင်နယ်လိဂ် (၂၀၂၅-၂၆) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းသည် တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် (၇) ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆုကြေးငွေကျပ်သိန်း ၁၀၀၀ နှင့် အထူးဆုဖလားကို ချီးမြှင့်ခြင်းခံရသည်။ မတ်လ ၁၈ ရက် ရာသီပိတ်ပွဲစဉ်များအပြီးတွင် ကျင်းပသည့် ဆုပေးပွဲ၌ ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်၊ တတိယရရှိသည့် ဒဂုံစတားယူနိုက်တက်နှင့် အဆင့် (၄)၊ (၅) ရရှိသည့် အသင်းများကိုလည်း ဆုကြေးများ အသီးသီးပေးအပ်ခဲ့သည်။ ထို့ပြင် သွင်းဂိုး ၁၇ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆုရရှိသည့် ရှမ်းတိုက်စစ်မှူး စအောင်ပြည့်ကိုအား ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ယခုအခါ ပြိုင်ပွဲအရပ်ရပ်တွင် ရှုံးပွဲမရှိစံချိန် ပွဲပေါင်း ၁၀၀ ပြည့်မြောက်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။
တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဖြစ်သည့် ရှမ်းယူနိုက်တက်အသင်း ကျပ်သိန်း ၁၀၀၀ နှင့် အထူးဆုဖလား ရရှိ
Mar 20 • 2:43 AM
Myanmar
Shan
Share
| 12 | 0 | 0 | 0 |


