back

အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ မြန်မာ-အာဖဂန်နစ္စတန်ပွဲစဉ်ကို ရန်ကုန်၌ ပြောင်းရွှေ့ကျင်းပမည်

Mar 20 • 2:31 AM

breaking-news

Myanmar

Yangon

cover

အာရှဖလားခြေစစ်ပွဲ ဒုတိယအကျော့ မြန်မာ-အာဖဂန်နစ္စတန်ပွဲစဉ်ကို ရန်ကုန်၌ ပြောင်းရွှေ့ကျင်းပမည်

၂၀၂၇ အာရှဖလားခြေစစ်ပွဲစဉ်အဖြစ် အာဖဂန်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့ပွဲစဉ်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့အစား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင...

၂၀၂၇ အာရှဖလားခြေစစ်ပွဲစဉ်အဖြစ် အာဖဂန်နစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ရမည့် ဒုတိယအကျော့ပွဲစဉ်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့အစား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ၏ စစ်ရေးအခြေအနေများကြောင့် ယခုကဲ့သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်ကို မတ်လ ၂၆ ရက်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပထမအကျော့တွင် မြန်မာအသင်းက အာဖဂန်နစ္စတန်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားပြီးဖြစ်ကာ ယခုပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် ပဏာမကစားသမား ၂၈ ဦးစာရင်းကိုလည်း ယနေ့တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။

news-view-count-icon

6