back

ရန်ကုန်တိုင်း၌ ကျပ်သန်းပေါင်း ၂၉,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် ခရီးသွားလုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေး

Mar 20 • 2:34 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၌ ကျပ်သန်းပေါင်း ၂၉,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် ခရီးသွားလုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေး

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၂၉,၈၀၇.၉၃ သန်း တန်ဖိုးရှိသည့...

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၂၉,၈၀၇.၉၃ သန်း တန်ဖိုးရှိသည့် ခရီးသွားနှင့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းလိုင်စင်များကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါ ခွင့်ပြုချက်များတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်သစ်များ၊ သက်တမ်းတိုးမှုများ၊ ခရီးလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လိုင်စင်များ အပါအဝင် လုပ်ငန်းပေါင်းများစွာ ပါဝင်ပြီး ယင်းမှတစ်ဆင့် ဒေသခံလုပ်သား (၄၆၃) ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ခွင့်ပြုပေးလိုက်သည့် လုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှုများနှင့် ဘုရားဖူးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

news-view-count-icon

11