အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြောင့် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး အပြောင်းအလဲဖြစ်ကာ ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၇၀၀ ကျော် မြင့်တက်လာသည်။(92)တစ်လီတာလျှင် မတ်လ ၁၃ ရက်က ကျပ် ၂,၈၃၀ရှိခဲ့ရာက မတ် ၂၀ ရက်တွင် ၃,၆၁၀ ကျပ်ဖြစ်သွားသည်။ (95) တစ်လီတာလျှင် မတ် ၁၃ ရက်က ကျပ် ၂,၉၃၀ ရှိခဲ့ရာက မတ် ၂၀ ရက်တွင် တစ်လီတာလျှင် ကျပ် ၃,၈၅၀ ကျပ် ဖြစ်သွားသည်။နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကာ စက်သုံးဆီစျေးနှုန်းကို တည်ငြိမ်အောင် ဆောင်ရွက်လျက်ရှိနေသည်ဟု မတ်၁၄ က ထုတ်ပြန်ထားသည်။လတ်တလောတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးနေသည်။ထိုသို့ရောင်းချရာတွင် ကားလိုင်စင် သက်သေခံကတ်ပြား ဝှီးတက်ပေါ်က QR code ကို Scan ဖတ်ပြီးမှသာ ဆီဖြည့်ရာတွင် အခက်အခဲအချို့ရှိနေဆဲ ဖြစ်သည်။အဓိကအားဖြင့် မော်တော်ယာဉ် Wheel Tax ကို Scan ဖတ်ရာ၌ အခြားယာဉ်နံပါတ်များပေါ်နေခြင်း၊ Barcode များ ပျ-က်နေခြင်း၊ ဆီထည့်ပြီးသားကားနံပါတ်များ ပြန်ပေါ်နေခြင်း၊ ကညနတွင် စာရင်းမရှိကြောင်း ဖော်ပြခြင်းများလည်း ကြုံနေရသည်။မော်တော်ယာဉ် Scan ဖတ်ရာတွင် အဆင်မပြေမှုရှိပါက ကညနတွင် ဆက်လက်ပြင်ဆင်ပေးနေသည်။



