မြန်မာနိုင်ငံတွင် ဆေးပညာသင်ကြားရေးဒီပလိုမာ (Dip.Med.Ed) ဘွဲ့လွန်သင်တန်းကို ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၅ ခုနှစ်အထိ ဘွဲ့ရရှိသူ စုစုပေါင်း ၇၂၄ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းက ပြောကြားသည်။ မတ်လ ၁၈ ရက်က ကျင်းပသည့် အမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲတွင် ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းတွင် သင်တန်းသား ၃၅ ဦး တက်ရောက်မည်ဖြစ်သည်။ အဆိုပါသင်တန်းသည် ဆေးတက္ကသိုလ်နှင့် ဆေးရုံများတွင် သင်ကြားရေးတာဝန်ယူနေသူများအတွက် ဆက်သွယ်ရေးကျွမ်းကျင်မှု၊ ကျင့်ဝတ်နှင့် ပညာရေးဆိုင်ရာ သုတေသနဘာသာရပ်များကို လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ကာ ဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးမြင့်မားသော ယဉ်ကျေးမှုတစ်ရပ် ခိုင်မာစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mar 20 • 2:27 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


