တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ၌ စတင်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါလွှတ်တော်တွင် စုစုပေါင်းထိုင်ခုံ ၇၂ နေရာရှိသည့်အနက် ရွေးကောက်ခံကိုယ်စားလှယ် ၅၄ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး တက်ရောက်မည်ဖြစ်ပြီး၊ ပါတီအလိုက် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃၇ ဦးဖြင့် အများဆုံးဖြစ်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။ အစည်းအဝေးပထမနေ့တွင် လွှတ်တော်သဘာပတိတင်မြှောက်ခြင်း၊ ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Mar 20 • 2:25 AM
Myanmar
Ayeyarwady
Share
| 12 | 0 | 0 | 0 |


