ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း (၄) ခုရှိ တာဝန်ခံများနှင့် ဝန်ထမ်းများကို တွေ့ဆုံခဲ့ပြီး လုပ်ငန်းစဉ်များအောင်မြင်စေရန်အတွက် မြန်မာသံရုံးအနေဖြင့် နိုင်ငံတော်မူဝါဒများနှင့်အညီ လိုအပ်သည်များကို အသင့်ပံ့ပိုးကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံရေးနှင့် လုံခြုံရေးအမြင်များရှိရန်၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းရောက်မြန်မာလုပ်သားများအတွက် CI ထုတ်ပေးရေးလုပ်ငန်းစဉ်၌ မြန်မာသံရုံးမှ အပြည့်အဝပံ့ပိုးကူညီမည်ဟု သံအမတ်ကြီးပြောကြား
Mar 20 • 2:20 AM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


