၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။အဆိုပါ စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ၁၆ ခု၊ ပြည်တွင်းစာစစ်ဌာန ၈၇၁ ခု၊ စုစုပေါင်း ၈၈၇ ခုဖွင့်လှစ်ခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း ၂၆၈,၇၅၃ ဦးအနက် ဖြေဆိုသူပေါင်း ၂၅၄,၆၂၄ ဦးရှိခဲ့ကာ ပျက်ကွက်သူဦးရေပေါင်းဟာ ၁၄,၁၂၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅ ဒသမ ၂၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ထို့အပြင် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်များတွင် စာမေးပွဲနောက်ဆုံးနေ့ဖြစ်တဲ့ မတ်လ ၁၈ ရက်နေ့က စာစစ်ဌာန စုစုပေါင်း ၄၁ ခုဖြင့် ဖွင့်လှစ်ဖြေဆိုခဲ့ရာမှာ စက်မှုအတတ်ပညာ ဘာသာတွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂,၁၃၄ ဦးရှိပြီး စက်မှုကျောင်းသား ကျောင်းသူများက မြို့ပြမြေပုံဆွဲ၊ အခြေခံပရိုဂရမ်မိတ်ဆက်နှင့် စက်မှုပုံဆွဲဘာသာရပ်များကို ဖြေဆိုကြရာမှာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂,၁၁၄ ဦး၊ ပျက်ကွက် ၂၀ ဦးရှိ၍ ဖြေဆိုသူ ၉၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်းလည်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၉၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိခဲ့
Mar 20 • 2:20 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


