back

ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်က တက္ကဆီတွေ ဆီမလုံလောက်လို့ ဝန်ဆောင်မှုရပ်နားမည်

Mar 20 • 1:39 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်က တက္ကဆီတွေ ဆီမလုံလောက်လို့ ဝန်ဆောင်မှုရပ်နားမည်

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်က SUV နဲ့ Van အမျိုးအစား တက္ကဆီတွေ ဝန်ဆောင်မှု ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ အခုတောင် တော်တော်များများက ခရီးဝေးဆို မလိုက်တော့တာတွေ၊ ဝန...

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်က SUV နဲ့ Van အမျိုးအစား တက္ကဆီတွေ ဝန်ဆောင်မှု ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ အခုတောင် တော်တော်များများက ခရီးဝေးဆို မလိုက်တော့တာတွေ၊ ဝန်ဆောင်မှုပေးတဲ့အချိန်လျှော့တာတွေ တဖြည်းဖြည်းလုပ်နေကြပါပြီ။ အကြောင်းအရင်းကတော့ ခရီးတန်းလန်းမှာ ဆီကုန်သွားလို့ ဖြည့်မရတာတွေ၊ ဆီဆိုင်မှာ ဆီမရတာတွေဖြစ်မှာ ကြောက်လို့ပါ။ကားအစီး ၅,၀၀၀-၆,၀၀၀ ရှိတဲ့ထဲကမှ လက်ရှိမှာတော့ ၂,၅၀၀ ကျော်သာ ဝန်ဆောင်မှုပေးနေပြီး အဓိက မနက်ပိုင်းသာ တက္ကဆီတွေရှိပါတော့တယ်။ ရှိတဲ့ကားတွေကလည်း ခရီးတိုတွေသာလိုက်နေပြီး ဝေးရင် လုံးဝ လုံးဝ မလိုက်တော့ပါ။ The Suvarnabhumi Taxi Coordination Association ကတော့ အစိုးရကို ဒီကိစ္စ ဝင်ရောက် ဖြေရှင်းပေးဖို့တောင်းဆိုထားပြီး၊ တက္ကဆီတွေကို မီတာပုံစံကနေ Grab/ Bolt တို့လို Application အနေနဲ့ လုပ်ပေးဖို့လည်း တက္ကဆီ ဆရာတွေက တောင်းဆိုနေကြပါတယ်။

news-view-count-icon

10