menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ယွမ်ငွေပါ အသုံးပြုနိုင်ဟု MIC ထုတ်ပြန်

Mar 20 • 1:38 AM

breaking-news

Myanmar

Local

Share

share-news
cover

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွင် တရုတ်ယွမ်ငွေပါ အသုံးပြုနိုင်ဟု MIC ထုတ်ပြန်

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းတွေ ပြန်လည်မြင့်တက်နေချိန်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေမှာ...

cover-photo

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းတွေ ပြန်လည်မြင့်တက်နေချိန်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်တွေမှာ ဒေါ်လာတင်မကဘဲ တရုတ်ယွမ်ငွေကိုပါ အသုံးပြုခွင့်ပေးလိုက်တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။ဒီထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံသူတွေဟာ အဆိုပြုချက်နဲ့ အတည်ပြုလျှောက်ထားလွှာတွေ တင်ပြတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမဲ့ နိုင်ငံခြားမတည်ငွေရင်းကို ဒေါ်လာအပြင် တရုတ်ယွမ်ငွေ (CNY) နဲ့ပါ တင်ပြလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ယူဆောင်လာတဲ့ ငွေကြေးအမျိုးအစားအလိုက် AD လိုင်စင်ရဘဏ်တွေကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုတွေကို ဆောင်ရွက်နိုင်မယ်လို့လည်း သိရပါတယ်။ ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာအပေါ်မှီခိုမှုလျှော့ချဖို့ ယွမ်ငွေကို ပိုမိုအသုံးပြုဖို့ အားပေးနေပြီး Online Trading Platform ကနေလည်း ယွမ်ငွေတွေကို ပုံမှန်ရောင်းချပေးနေပါတယ်။နောက်ဆုံးရ ငွေလဲနှုန်းတွေအရ Online Trading Platform မှာ တရုတ်ယွမ်ငွေ သတ်မှတ်နှုန်းက ၁ ယွမ်ကို ၅၅၇ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်မှာတော့ ၆၁၂ ကျပ်အထိ ရှိနေပါတယ်။

news-view-count-icon

57

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်းနိုင်ငံ နေရာ ၃ ခုမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ ၅ ဦး အဖ-မ်းခံရ

ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်က တက္ကဆီတွေ ဆီမလုံလောက်လို့ ဝန်ဆောင်မှုရပ်နားမည်

cover-photo
right-arrow-icon