back

ထိုင်းနိုင်ငံ နေရာ ၃ ခုမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ ၅ ဦး အဖ-မ်းခံရ

Mar 20 • 1:38 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ နေရာ ၃ ခုမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ ၅ ဦး အဖ-မ်းခံရ

၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်, Nonthaburi နဲ့ Trat မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတ...

၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်, Nonthaburi နဲ့ Trat မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အာဏာပိုင်တွေက ဝင်ရောက်ဖ-မ်းဆီးခဲ့ပါတယ်။ဘန်ကောက် က Bang Rak ခရိုင် Thaniya Soi မှာရှိတဲ့ ဘားတစ်ခုမှာတော့ အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး စန်းဟုန် (Seng Hom) နဲ့ သူ့ကို အလုပ်ခန့်ထားတဲ့ အသက် ၃၉ နှစ်အရွယ် ဆိုင်မန်နေဂျာ Narissara တို့ကို ရဲတပ်ဖွဲ့က ဖ-မ်းဆီးခဲ့ပါတယ်။ အဲဒီ မြန်မာအမျိုးသမီးဟာ ခွင့်ပြုထားတဲ့ အလုပ်အကိုင် အမျိုးအစားပြင်ပမှာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။Nonthaburi ပြည်နယ် Bang Yai ခရိုင်မှာလည်း ထိုင်းနိုင်ငံသားတွေရဲ့ တိုင်ကြားချက်အရ အဆောင်တစ်ခုမှာ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေတဲ့ အသက် ၄၉ နှစ်အရွယ် ဦးကို နဲ့ အသက် ၄၀ အရွယ် ဒေါ်သူဇာ ဆိုတဲ့ မြန်မာဇနီးမောင်နှံကို ဖ-မ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ထိုင်းလူမျိုးတွေကို အမည်ခံခိုင်းပြီး တစ်ရက်ကို ဘတ် ၃၅၀ နဲ့ အလုပ်လုပ်နေတာလို့ ထွက်ဆိုထားပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာပဲ Trat ပြည်နယ် Khao Saming ခရိုင် Saen Tung ဈေးမှာလည်း နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ ဈေးရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ မြန်မာ ၂ ဦး၊ ကမ္ဘောဒီးယား ၄ ဦးနဲ့ လာအို ၁ ဦး စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ဖ-မ်းဆီးခဲ့ပါတယ်။ ဖ-မ်းဆီးခံရသူတွေ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့် အရေးယူထားပြီး ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ပါတယ်။



news-view-count-icon

33